ကိုယ့်အကြောင်းတွေကိုပဲအမြဲရေးတယ် ဘယ်သူ့ကိုမှမရည်ရွယ်ပါ။ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါ။ ကျွန်တော်အခုနည်းနည်းရေးချင်တာကတော့ အချစ်တခုမှာ တရားတာမတရားရှိလား?? ဆိုတာလေးပဲ
ဘာကြောင့်လဲဆိုရင် တကယ်လို့ရည်းစားထားမယ်ဆိုရင် ကောင်မတယောက်ကိုချစ်တယ်ဆိုပါတော့
မိန်းကလေးဘက်ကလည်းချစ်ပြီ နင့်ဘက်ကလဲ ချစ်နေပြီဆိုပါတော့ မိဘအတိုင်းအဝိုင်းတွေလာနေပြီ
နင်ကငါ့သမီးနဲ့မထိုက်ဘူး၊ မပေါင်းဘူး ဘာညာပေါ့ဗျာ။ အဲ့တာတွေကအချစ်စစ်တခုတည်ဆောက်ချင်
တဲ့လူငယ်များအတွက်ကတရားလားမတရားလားတော့မသိဘူးနော်။ ကျွန်ုတော်ထင်တယ် ဒီလိုမျိုးလုပ် တာကမတရားတဲ့ပြင်လူတွေရဲ့အနာဂတ်ကိုဖြတ်တယ်လို့ပဲယူဆတယ်။ မိဘတယောက်အနေနဲ့ မလုပ်သင့်လုပ်သင့်ဆိုတာလဲစဉ်းစားပေးရင် နှစ်ဘက်စလုံးဘဝကသာယာလာလိမ့်မယ့်။ ဒါပေမယ့် နားလည်မှုမရှိတဲ့မိတွေနဲ့တော့ ကလေးတယောက်နဲ့အနာဂတ်ကို ဓါးနဲ့ခွဲဖြတ်သလိုပဲ ခံစားလိမ့်မယ်
ထင်တယ်။ တခါမှတော့မခံစားဖူးပေမယ့် ခံစားဖူးတဲ့လူတွေအတွက်နဲ့ နားလည်နိုင်စွမ်းမရှိတဲ့ မိဘများအတွက်ပါ အားလုံးကိုလေးစားလျှက်..............
No comments:
Post a Comment
Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်