လောကအိမ်မက်တွေ အလယ်
ရင်ခုန်ခြင်းရဲ့ အခြားတဖက်မှာ
ချစ်လို့အပြစ်တခုများဖြစ်နေပြီလား
ဒါပေမယ့်.........ဟာ
တားဆီးလို့မရတော့ပြီ ငါ့ရဲ့အချစ်တွေ
အတွေးတခု ဆုံးဖြတ်ချက်တခုပဲလေ
မျှော်လင့်ချက်တွေ ပျက်တာ အခါခါ
အထီးကျန်စွာအခန်းထဲမှာပဲလေ...
မျှော်လင့်ချက်တွေလည်း ထပ်ခါထပ်ခါ
ဒါပေမယ့်...အကြိမ်ကြိမ်ကျဆုံးခဲ့
တနေ့ကျတော့ဖြစ်လာမယ်လို့
ယုံကြည်နေရင်းနဲ့ . . . . .
ငါမင်းကိုအရိုးသားဆုံး အချစ်တွေနဲ့
ဆက်ချစ်နေဆဲ...................
No comments:
Post a Comment
Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်