မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

စိတ်ကောင်းခြင်း ကိုယ်ကောင်းခြင်းရဲ့ အကျိုး....

ကံကို လူတွေက ဖန်တီးကြတယ်လို့ဆိုရိုးစကား ရှိခဲ့ဖူးတယ်
ကံဆိုတာအလုပ်ပေါ့
ဒါကြောင့် ကံကောင်းခြင်း မကောင်းခြင်းက
လုပ်တဲ့လူတွေအပေါ်မှာပဲ မူတည်တယ်
ဒါပေမယ့် တစ်ခုတော့ရှိတယ် ကံကောင်းဖို့ဒါမှမဟုတ်
အလုပ်ကောင်းဖို့ နောက်ကနေ ပံ့ပို့ပေးတဲ့အရာက စိတ်ပေါ့(ကုသိုလ်၊အကုသိုလ်)

ဒီနေရာမှာနည်းနည်းပြောပြချင်တာက
စိတ်နဲ့ ကုသိုလ်ကံဟာ အမြဲတမ်း တန်တွဲနေတဲ့အရာ တစ်ခုပါ
လူတွေက ကံမကောင်းဘူးလို့ပြောကြတယ်
တစ်ခုမှတ်ထားရမှာက ကဲကောင်းချင်ရင် အလုပ်ကိုကောင်းအောင်လုပ်ပါ
အလုပ်ကောင်းချင်ရင်တော့ စိတ်ကိုကောင်းအောင်လုပ်ကြပါ

တစ်ချို့က ကောင်းအောင်တော့လုပ်ကြပါတယ်
ဒါပေမယ့် စိတ်ကမကောင်းရင်တော့ အောင်မြင်မှာမဟုက်ပါဘူး
တစ်နည်းပြောရရင်တော့ ကံမကောင်းကြဘူးပေါ့
စိတ်ကအင်မတန်အရေးကြီးပါတယ်..ကိုယ်ကကောင်းပေမယ့်
စိတ်ကမကောင်းရင်တော့ လုပ်သမျှ အရည်မတင်ပဲအဖက်ပဲတင်မှာပါ..

အဖက်တခုနဲ့တော့ စားနိုင်မှာမဟုက်ဘူး..
အရည်နဲ့ အဖက်တွဲပြီး ပြီးပြည့်စုံတဲ့ဟင်းလျှာက ပိုပြီး
စားကောင်းမယ်လို့ထင်တယ်နော်..
ဒါကြောင့်အရည်ရော့အဖက်ရော့စားချင်တယ်ဆိုရင် ကိုယ်နဲ့စိတ်ကိုရှင်းအောင်လုပ်ကြပါ
ကိုယ်နဲ့စိတ်ကောင်းခြင်းရဲ့ ကံကောင်းခြင်းလက်ဆောင်ကို အမြဲတမ်းပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းရင်း လူသားအပေါင်းတို့ စိတ်နဲ့ကိုယ်ကို ရှင်းအောင်ထားနိုင်ကြပါစေ ပျော်ရွှင် ကံကောင်းနိုင်ကြပါစေ.......။

1 comment:

  1. တမင်တည့်တည့်ရွက်ပြီးရေးတာတော့ မဟုတ်ပါဘူးနော်။

    ReplyDelete

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်