ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို
တောင်တန်းကြီးနဲ့ ပင်လယ်ကြီးက သိပါတယ်..
ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေကို
လမင်းလေးနဲ့ ကြယ်စင်လေးတွေက နားလည်ပေးတယ်..
ငါတို့နှစ်ယောက်ရဲ့ ရင်ခုန်သံကို
သစ်ရွက်လေးတွေက စီးချက်ညီညီ တီးခတ်ပြီးကျီစယ်ကြတယ်
ငါတို့နှစ်ယောက်ရဲ့ ပျော်ရွှင်တဲ့ရယ်သံလေးကို
ကျေးငှက်တွေက တေးသီဆိုရင်းဝိုင်းပျော်ရွှင်ကြတယ်..
ငါတို့နှစ်ယောက်ရဲ့ ရှက်ဖြာနေတဲ့ မျက်နှာလေးတွေကို
ပန်းဝက်မုံလေးတွေက ကြည့်ပြီးရှက် သွေးဖြာနေကြတယ်
ငါတို့နှစ်ယောက်ရဲ့ စကားပြောသံတွေကို
လေပြည်လေးတွေက ဖြတ်ပြေးပြီး ခိုးနားထောင်ကြတယ်..
ငါတို့နှစ်ယောက်ရဲ့ အချစ်တွေကို
ဒီလိုသဘောတရားတွေက အသိအမှတ်ပြုကြတယ်
ငါတို့နှစ်ယောက်ရဲ့ အချစ်တွေ ဘယ်လိုမှ
ဟောင်းနွမ်းမသွားဘဲ အမြဲတမ်းရှင်သန်လက်ဆက်နေမယ်နော်...
No comments:
Post a Comment
Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်