မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

ကောင်မလေးရေ

ကောင်မလေးရေ.......

နင်မရှိတော့မှ.....

အချိန်မှန် ရွေ့လျားတဲ့ နာရီ တစ်လုံးရဲ့ဘေး

မျက်ရည်တွေနဲ့ ဆွေးလို့

အချိန်တွေရယ် ပြေးနေတာကို

အတွေးတွေ နဲ့ ငေးဖူးတယ်.....

ကောင်မလေးရေ......

နင်မရှိတော့မှ.....

တမ်းတမှုတွေ ငါ့ရှေ့ချ....

မှန်းဆ မရတဲ့ တို့နှစ်ယောက် အချစ်တွေကို

မျှော်လင့်ခြင်းတွေနဲ့ ရောသမ

လွမ်းလှလို့ မောရ

ပြောမရအောင် ကြေကွဲရတယ်......

ကောင်မလေးရေ......

အတိတ်တွေ ကြားကို တို့နှစ်ယောက်ပြေး......

နမ်းခဲ့ဖူးတဲ့ ပါးပြင်လေးရဲ့ နဘေးကို

ပန်းတို့ရဲ့ အရာ နက်ကလေး

နမ်းလို့သာ ငါရယ် ပေးချင်တယ်.....

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်