*အင်တာဗျူးတစ်ခုတွင်….*
> *မန်နေဂျာ။ ။ မင်းရဲ့မွေးနေ့ ပြောပါ။*
> *ကိုထုံ ။ ။ အောက်တိုဘာ ၁၃ပါ။*
> *မန်နေဂျာ။ ။ ဘယ် ခုနှစ်လဲ?*
> *ကိုထုံ ။ ။ နှစ်တိုင်း...*
>
> **2.**
> *နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်…*
> *“ငါက နိုင်ငံခြားသားနဲ့များ တူနေလား”*
> *“တူပါဘူး၊ ဘာလို့ လဲ”*
> *“လန်ဒန်မှာ အမျိုးသမီးတယောက်က ငါ့ကို*
> *နိုင်ငံခြားသားလားလို့ လာမေးနေလို့”*
>
> **3.**
> *အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်….*
> *အမေရိကန်။ ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ*
> *မွေးဖွားခဲ့ဘူးသလား?*
> *ကိုထုံ ။ ။ ဟင့်အင်း…ဒီရွာမှာကတော့ ကလေးလေး တွေပဲမွေးတာ...*
>
> **4.**
> *စာသင်ခန်းအတွင်း၌ဖြစ်သည်…*
> *ဆရာ ။ ။ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ*
> *ကိုထုံ ။ ။ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ*
> *ကိုတော့ ကျနော် မသိပါဘူး။*
>
> **5.**
> *ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။*
> *ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက…*
> *“မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာ…ဖယ်စမ်း ငါမောင်းမယ်၊*
> *ဒီမှာလာထိုင်”*
>
> **6.**
> *အင်တာဗျူးတစ်ခုတွင်….*
> *မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့*
> *စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါ**တော့၊ မင်းဘာဆက်လုပ်မလဲ?*
> *ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊*
>
> **7.**
> *ကိုထုံ ။ ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ*
> *သူငယ်ချင်း ။ ။ ဘာလို့ လဲ?*
> *ကိုထုံ ။ ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို…သူ့က ထီးကအသစ်ကြီးနော်*
> *လို့ပြန်ပြောတယ်လေ...*
>
> **8.**
> *စာသင်ခန်းအတွင်း၌ဖြစ်သည်…*
> *ဆရာ ။ ။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ*
> *ကိုထုံ ။ ။ မြင်းကျား*
> *ဆရာ ။ ။ ဘာလို့လဲ?*
> *ကိုထုံ ။ ။ သူက အဖြူအမဲ ပဲရှိသေးတယ်လေ…*
>
> **9.**
> *ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်….*
> *မန်နေဂျာ။ ။ မင်း MS office ကို သိသလား?*
> *ကိုထုံ ။ ။ လိပ်စာသာပေးလိုက်ပါ၊ ကျွန်တော်ရအောင်ရှာသွားလိုက်ပါ့မယ်…*
>
> **10.**
> *စာသင်ခန်းအတွင်း၌ဖြစ်သည်…*
> *ဆရာ ။ ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ*
> *ကိုထုံ ။ ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့်*
> *ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။*

No comments:
Post a Comment
Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်