မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

ကဗျာမဟုတ်တဲ့ကဗျာ

ကောင်မလေးရေ......
သစ်ရွက်တွေလည်း ကြွေကုန်ပါပြီ
လျှောက်ဖူးတဲ့လမ်းတွေလဲ ဟောင်းနွမ်းလို့နေပြီ
နဖူးပေါ်မှာ လက်တင်စဉ်းစားတိုင်း
ကမ္ဘာကြီးကတနေ့ပြီး တနေ့ပြောင်းလဲလာ
ဒါပေမယ့် တို့နှစ်ယောက်တော့ဝေးလို့နေဆဲ
ပြန်ဆုံမယ့်နေ့ကိုမျှော်လင့်ထားပေမယ့်
ဆူးများကြားမှာ သစ်ရွက်ညှပ်နေသလိုပဲ
ကြေးငှက်တွေကလည်း တေးမဆိုတော့ပြီ
တောင်ပြာတန်းတွေကလည်း မစိမ်းလန်းတော့ဘူး
သစ်အိုပင်ကြီးလည်း ဟောင်းနွမ်းလို့နေ
မှီခိုစရာမရှိတော့ဘူး.............
ငါလေနင့်ကိုသတိရတိုင်း နင့်နာမည်ကို
ခပ်တိုးတိုးလေး ရွက်ဆိုနေ......
ကြာလာရင်ငါများရူးသွားမလား
ငါမင်းအတွက်တိုင်တည် ဆုတောင်းနေရင်း
ကမ္ဘာပျက်သွားပြီ....ဘိုင်းဘိုင်...........

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်