လောကမှာရှိတဲ့လူတွေအားလုံးက မတူကြဘူးဆိုတာလည်း စာဖတ်သူအသိပါ။ အရောင်ဆိုရင် တယောက်က အစိမ်းကြိုက်လိုက် တယောက်ကအနီကြိုက်လိုက်နဲ့နော် မတူကြဘူး။ ဒီလိုတယောက်နဲ့ တယောက်မတူကြတဲ့ထဲမှာ ငါလည်းလူတိုင်းနဲ့မတူတဲ့အရာတွေအများ ကြီးရှိပါတယ်။ လောကမှာ ဘယ်သူမှသန့်ရှင်းတယ်ဆိုလို့မရှိဘူး။ သူကတော့စင်ကြယ်တယ်ဆိုတာလည်းမရှိပါဘူး။ လူတိုင်းမှာအပြစ်နဲ့ နေ့စဉ်ဘဝများကိုဖြတ်သန်းလာကြတဲ့လူတွေချင်းပါ။ ဒါပေမယ့်တခါတလေ ကျလူတွေကချစ်ချင်းမေတ္တာဆိုတာအရမ်းခေါင်းပါးကြတယ်။ လူတိုင်းကတော့ပြော ကြတာပေါ့နော်အချစ်မှာမျက်စိမရှိဘူးတဲ့။ မှန်လှပါ၏။ အချစ်မှာမျက်စိရှိလို့ကတော့လူအကောင်း နဲ့အကောင်းအဆိုးနဲ့အဆိုးပဲတွေ့ကြမှာကို။ အခုကျတော်အဓိကပြောချင်တာကတော့ အချစ်ကိုနားမလည်ကြတဲ့သူတွေကို ခွေးတကောင်လို ဥပမာတင်ပြီးပြောချင်တယ်။ ခွေးတကောင်က ပေးတိုင်းစားတယ်သူစားချင်တဲ့အရာဆိုရင်ပေါ့နော်။ သူကတကယ်အရသာကိုမှမသိတာ ဗိုက်ပြည့်ဖို့စားတာပဲလေ။ ဒီလိုပါပဲလူတိုင်းက အချစ်ကိုတော့ခံချင်ကြတယ်ဒါပေမယ့် အချစ်ကဘယ်လိုမျိုးလဲဆိုတာတကယ် မသိကြဘူး။ သီချင်းတွေတော့ဆိုကြတာပေါ့ ငါနင့်ကိုအရမ်းချစ်တယ် အရမ်းသတိရတယ် ဘာညာပေါ့။ ဒါပေမယ့်သူတို့အဲ့ဒီသီချင်းကိုတကယ်ခံစားလို့မှ မဆိုတာ ခံစားချက်မရှိတဲ့လူတယောက် ရဲ့ဘဝကခွေးကလူသစ်ကိုမြင်တိုင်း ဟောင်တတ်တဲ့ခွေးနဲ့တူတယ်။ အချစ်ကိုမခံစားတတ်ပဲ အချစ်ကိုလိုက်ရှာတဲ့လူတွေက ခွေးလောက်တောင် ဦးဏှောက်မရှိတဲ့ လူတွေပဲ။ ခွေးကတောင်သူ့သားသမီးတွေကိုအချစ်မေတ္တာနဲ့ တာပြုစုစောင့် လျှောက်ခဲ့တယ်။ သူများအချစ်ကိုတော့ရချင်တယ် ကိုယ့်အချစ်ကိုတော့ပြန်မပေးချင်ဘူး ဆိုတဲ့လူတွေကတော့ လောကမှာလူတွေနဲ့အတူ မနေတော့ပဲ ခွေးတွေနဲ့အတူ နေရင်တောင်ခွေးတွေကသူတို့ထက်မြင့်မြတ်သေးတယ်။
ခွေးတကောင်ကမျက်မမြင်တဲ့လူတယောက် အတွက်သုံးလို့ရသေးတယ်။ ဒါပေမယ့်အချစ်
ဆိုတာဘာလဲလို့နားမလည်တဲ့ လူတယောက်ကတော့ ဘယ်နေရာမှာမှအသုံးမဝင်တော့ဘူး။
စာဖတ်တဲ့ သူငယ်ချင်းတို့လည်းပြန်စဉ်းစားကြည့် အချစ်ကိုဘာလဲမသိတဲ့လူတွေကဘာလို့
အချစ်ကိုလိုက်ရှာနေကြတာလဲ။ အဲ့တာတရားတယ်လို့ခေါ်လို့ရမလား။ ပေးဆပ်ခြင်းမရှိရင်
ရယူခြင်းဆိုတာ အိပ်မက် မက်ဖို့လောက်တောင်မရှိဘူး။ ပြီးတော့လူသားချင်းစာနာစိတ်
မရှိတဲ့လူတွေလည်း ချီးစားတဲ့ခွေးလောက်တောင်တန်ဖိုးမရှိဘူး။ ချစ်ခြင်းမေတ္တာဆိုတာ
ရှိပြီးပြီဆိုရင် စာနာစိတ်လည်းအလိုလိုသူ့ဟာသူလာလိမ့်မယ်။ အချစ် အမုန်းကိုတောင်
ကောင်းကောင်အခုချိန်ထိမသိသေးဘူး ဆိုရင်သင်သိပ်နောက်ကြနေပြီ။ ၂၁ရာစုတောင်
ရောက်နေပြီ။ စာနာစိတ်တစက်တောင်မထားတဲ့လူတွေအတွက်တော့ လောကကြီးက
သိပ်မှောင်နေပြီ။ တန်ဖိုးမရှိတဲ့ ခွေးတကောင်နဲ့တူမိလိမ့်မယ်သူငယ်ချင်း ပြန်စဉ်းစားကြည့်
နော်။ ဒီစာလေးကိုဖတ်ပြီးတော့ အသိတရားတခုတော့ရပါစေနော်။ ။ ။ ။ ။
အမှားရှိရင်ခွင့်လွှတ်ပေးကြပါ။ ။ ။ ။

No comments:
Post a Comment
Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်