မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

မလိုချင်တော့ဘူး..

ပြန်လာခဲ့ပါ
ဒီရင်မှာ လွမ်းနေတယ်
မကြင်နာသူ ပစ်သွားလည်း
မမုန်းရက်ဘူးမျှော်လင့်နေတုန်းပါပဲ..

Rockလိုမာနေတဲ့ နင့်ရဲ့အသည်းကို
Chemical နည်းနဲ့ အရည်ဖျော်လိုက်ချင်တယ်
ဒီရင်မှာ မာနတွေမထားခဲ့ နင့်အတွက်
ဘာကြောင့် နင့်ကို တစ်ဖက်သက်ချစ်နေမိလည်း
ငါကိုယ်တိုင်လည်း  မသိတော့ပါဘူး.....

တစ်ဖက်သက်အချစ်တွေ ဒီရင်မှာ ဖြစ်နေလည်း
နင့်ဖက်ကတော့ ဘာမှမတုန့်ပြန်
ငါ့အချစ်ကိုမမြင်လို့လား၊မမြင်ချင်ဟန်ဆောင်ခဲ့တာလား
မချစ်နိုင်လည်း မပြုံးပြပါနဲ့
နင့်အပြုံးတစ်ချက်ဟာ ငါ့အတွက်မျှော်လင့်ချက်တစ်ခုဖြစ်လာတယ်
မဖြစ်နိုင်တဲ့အရာအတွက် ငါ့ရင်မှာမသိမ်းထားချင်ဘူး
အချိန်က တစ်န့တော့ငါ့ကို ကုစားသွားမှာပါ.....။

1 comment:

  1. ကောင်းတယ်။ ဒါနဲ့ဘယ်သူ့ကိုတဖက်တတ်အချစ်နဲ့ ချစ်နေတာလဲ။

    ReplyDelete

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်