မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

အတွေးကမ္ဘာ

ရာသီတွေလည်းကုန်ဆုံးပြန်ပြီ။ သစ်ရွက်တွေလည်းလေထဲကနေတဖြည်းဖြည်းခြင်းကြွေကျလာပြန်ပြီ။
အထီးကျန်တဲ့ရက်တွေကလည်း မကုန်ဆုံး ဆက်လက်အထီးကျန်နေ။ တခါတလေစိတ်ကူးယဉ်တွေက
ကမ္ဘာကိုဖြတ်ကျော်ပြီးတခြားတနေရာ ဒါပေမယ့်အဲ့တာတွေကငါ့စိတ်ကူးသက်သက်ပဲလေ။ ဘာမှထူးမ
လာ။ ဘာမှကောင်ထည်ဖော်မလာ။ အရာရာတိုင်းမှာအမြဲရှုံးနိမ်ခြင်းနဲ့ပဲလုံးထွေးနေ။ ငါစိတ်ပျက်အား
နည်းတဲ့အချိန်တိုင်း ကောင်မလေး နင့်ကိုလေသတိရနေမိတယ်။ ကောင်မလေးရေ....တခါတလေကျ
ကိုယ့်ဟာကိုတောင်မေးမိတယ် ငါဘာလို့နင့်ကိုချစ်မိသလဲ။ ဒါပေမယ့်အချစ်ဆိုတာလူတိုင်းမှာရှိနေ
တာကအမှန်ပဲလေ။ နင်မရှိတဲ့နေ့ညတွေဆို...ဒီလောကကြီးတိတ်ဆိတ်လို့နေ။ နင့်ကိုသတိရလွမ်းတိုင်း
နင့်မျက်နှာလေးကိုပဲမြင်ယောင်းပြီး နင့်နာမည်ကိုတိုးတိုးလေးခေါ်နေမိတယ်။ တခါတလေကျကိုယ့်ဟာ
ကိုတောင်ရူးနေပြီလားလို့ထင်နေမိတယ်။ တကယ်ဆိုရင်အချစ်ဆိုတာတော်တော်ထူးဆန်းတဲ့အရာ
ပဲနော်။ထူးဆန်းတဲ့အချစ်တွေနဲ့ ငါ့ရင်ကိုဝင်လာအောင် နင်ဘယ်လို မှော်အစွမ်းတွေနဲ့ ပြုစားထားတာလဲ
ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ် နင့်ကို မမုန်းချင်ဘူး၊ငါ့ရင် မှာနေရာယူထားပြီဖြစ်တဲ့ နင့်ကိုတော့
တသက်လုံးအတွက် ရည်းစူးထားခဲ့တယ်၊ထပ်ပြီးရလာမယ့်နောင်တမျိုးကို မလိုချင်ဘူး နင်ဟာငါ့ရဲ့အရမ်းချစ်ရတဲ့ ချစ်သူပဲဖြစ်စေချင်သလို နင်လည်း ငါ့တယောက်ကိုပဲချစ်တဲ့ ချစ်သူပဲဖြစ်စေချင်မိတယ်
အဲဒါဟာ ငါ့ရဲ့ ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ ငါ့ရဲ့အတ္တပါ၊နင့်ဘက်ကရော့ ဘယ်လိုအတွေးတွေ ရှိနေမလဲ
ငါ မပြောနိုင်ဘူး၊ဖြစ်နိုင်ရင် အရာရာတိုင်းမှာ နင်နဲ့ငါ ရဲ့အတွေးတွေ ထပ်တူညီချင်တယ် ချစ်သူ....။ဘယ်အရာမှ အတည်အကျမရှိနိုင်တဲ့ ၊ဖမ်းဆုပ်လို့မရနိုင်တဲ့ ဒီကမ္ဘာကြီးထဲမှာ နင့်ရဲ့အချစ်ကိုပဲလိုချင်တယ်
နင့်ရဲ့ ကြင်နာယုယမှုကို လိုလားတယ်၊နင့်ရဲ့ဂရုစိုက်ပြီး ကြည့်တဲ့ အကြည့်တွေကို တသက်လုံး ဖမ်းဆုပ်ထားချင်မိတယ်၊ပိုင်ဆိုင်ချင်မိတယ် ချစ်သူ.........။

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်