မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

အဘယ့်ကြောင့်ဆိုတော့....

ဒီတစ်သက်လုံး...
အမုန်းနဲ့နှုက်မဆက်နိုင်အောင်
မဆုံနိုင်တောင်မေ့မရဘူး
အသက်နဲ့ဘဝလို နောင်သံသရာ
နေ့ရက်များထိ အားလုံးနင့်လက်ထဲပုံအပ်ခဲ့တာ
အဘယ်ကြောင့်ဆိုတော့
နင့်ကို အလိုအပ်ဆုံးမို့လို့ပါ...

ဘယ်လိုဘာကြောင့်ပဲ မှားယွင်းပါစေ
အခုနေတော့ ငါမပြုပြင်ချင်တော့ပါဘူး
အဓိပ္ပါယ်မဖွင့်ဆိုနိုင် ဒီအချစ်ကို
သိပ်နက်ရှိုင်းတဲ့ အသည်းနှလုံးကပဲသိတယ်
အဘယ်ကြောင့်ဆိုတော့
ရှုန်းထွက်မရနိုင်တဲ့
ဆွဲငင်မှုခံစားချက်ကြောင့်ပေါ့...

မိုင်များခြားနားထားလည်း
ဒီရင်မှာအတိအကျ နင်ကရှိနေတော့
အချိန်တွေအပြောင်းလဲများစွာထဲမှာ
နင့်အနားမရောက်နိုင်လည်း
နင့်ကိုချစ်တာကတော့ မပြောင်းလဲနိုင်
အဘယ်ကြောင့်ဆိုတော့
နင်က အချစ်ဆုံးမို့လို့ပါ...

နင်နဲ့အတူတူ ကမ်းမမြင် မျောချင်လွင့်ချင်တာ
မိုးသားပင်လယ် အပြောကျယ်မှုလို
အချစ်ကိုဘောင်မခတ်ထားတော့
မတားနဲ့တော့လေ ကြိုက်သလိုဝေဖန်
ငါဝန်ခံချက်ပေးပါတယ် ဒါပေမယ့်
ငါတို့ဝေးများဝေးရင် ငါရင်ကွဲလိမ့်မယ်
အဘယ်ကြောင့်ဆိုတော့
နင့်ကိုသိပ်ချစ်လို့ပါ.....။

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်