မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

ဟာသလေးများ

ခြေလေးချောင်း
ဆရာ။ ။ တိရ စ္ဆာန်နှစ်ကောင် ရဲ့အမည်ကို ပြောပြပါ။သူတို့မှာခြေလေးချောင်းစီ ရှိ ရမယ်။
တပည့်။ ။ကြက်ဖ နှစ်ကောင်ပါ။

ရူပဗေဒ
မေး။ ။ မိုးခြိမ်လျှင် လျပ်စီး လက်တာကိုအရင် မြင်
ရပြီး၊ မိုးခြိမ်းသံကို နောက်မှ ဘာလို့ကြားရတာလဲ
ဖြေ။ ။ မျက်စိက နားထက် နဲန ရှေ့ရောက်နေလို့ပါ။
ဆက်သွယ် လိုလျှင်
မေး။ ။ကိုလံဘတ်ရဲ့နောက်မှာ(၁၄၅၁-၁၅၆၀)ဆိုပြီးပါတယ်။အဲဒီဂဏန်းတွေ ရဲ့အဓိပ္ပါယ် ကိုသိလား။
ဖြေ။ ။ကိုလံဘတ် ရဲ့တယ်လီဖုန်းနံပါတ် ပါဆရာ။


ဒုက္ခ

ရေကူးကျွမ်းကျင်တာလဲ မပြောနဲ့။ မနက်တိုင်း မြစ်ကို ၃ ကြိမ်ဖြတ်ကူးတယ်
ဟာဒုက္ခဘဲ။
ဘာဒုက္ခ လဲ။
ဒီဘက်မှာကျန်ခဲ့တဲ့ အ၀တ်တွေ ဘယ်လိုပြန်ယူလဲ။

Sent at 10:25 PM on Friday
Bethy: ကျွန်တော်ပါ
အခြေခံ အကြောင်းအရင်းဆိုတာဘာလဲ။
အဖေကတော့အိမ်မှာ ဘာဘဲဖြစ်ဖြစ် အခြေခံအကြောင်းရင်းကတော့ မင်းဘဲ လို့ပြောတယ် ခင်ဗျ။

အမေးနှင့် အမေး
မင်းသင်္ဘောစီး ခရီးသွားနေတာ ခုထိရေ မကူးတတ်သေးဘူးလား။
ခင်ဗျားရော လေယာဉ်င်္ပျံ စီးခရီး သွားနေတာအခု ထိ မပျံတတ်သေးဘူးလား။

မနေ့ကတော့
အိမ်တအိမ်တွင် လင်မယားနှစ်ယောက် စကားများသော အခါ ယောက်ကျားက
“မင်းကိုငါမေးနေတာ ကြားရဲ့လား တခုခုတော့ ပြန်ပြောသင့်တာပေါ့”
ထိုအခါ မိန်းမကပြန်ပြောလိုက်သည်မှာ
“ရှင်ဘဲ မနေ့ကပြောတော့ ပြန်ပြောတာ မကြိုက်ဘူးဆို” တဲ့

လူသက်သေ

ကမ္ဘာကြီးလုံးတဲ့အကြောင်း ဘယ်လိုကြောင့်ပြောနိုင်တာလဲ သက်သေ ၃ ခုပြပါ။
မေမေ ကလဲပြောပါတယ်။
ဖေဖေ ကလဲပြောပါတယ်။
ဆရာကလဲ ဟိုနေ့ကပြောပါတယ်။

သြော်
ဆရာက ရှုခင်းပုံဆွဲ ခိုင်းပါတယ်။
ကျောင်းသားတွေအားလုံးဆွဲ ပေမယ့်တယောက်က
မဆွဲဘူး။အဲဒီကျောင်းသားနားသွားပြီးတော့
“မင်းကဘာလို့မဆွဲတာလဲ”
“ဆွဲပြီးပြီဆရာ ၊ နွားတကောင် မြက်စားနေတဲ့ပုံ။”
“ဘယ်မှာလဲနွား”
“ရေသောက်ဖို့ ထွက်သွားပြီ။”
“မြက်ကရော”
“နွားစားလို့ကုန်ပြီ။”

ရှာဖွေတွေ့ရှိသူ
မောင်မောင် ကမ္ဘာ့မြေပုံထဲက သြစတြေးလျ ကို ရှာပြစမ်း။
ဒီမှာပါဆရာ။
မှန်တယ်။ကဲမောင်ဝင်းအောင် ပြောစမ်းသြစတြေးလျ ကို
ဘယ်သူက ရှာဖွေတွေ့ ရှိသလဲ။
မောင်မောင်ပါဆရာ

သတိပေးနေလို့
မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျရတာလဲ။
လမ်းထောင့်ရောက်တိုင်း သတိပေးဆိုင်းပုဒ် တွေ့
နေရလို့ပါ။
သတိ ကျောင်းရှိသည် ဖြေးဖြေး တဲ့။
အားမရတဲ့လ
မိန်းမတွေ စကားနဲတဲ့လ ရှိသလား။
ဖေဖော်ဝါရီ လပါ။၂၈ ဘဲ ရှိပါတယ်။

၂၁ ရာစု ရည်းစားစာ
မောင်တို့ဟာ လမ်းလေးသာခြားတယ် ဆိုပေမဲ့မောင့်စိတ်ထဲမှာတော့ကမ္ဘာခြားလိုပါဘဲ။
စက္ကန့်နဲ့အမျှ မ ကိုသတိရနေပါတယ်။မ ကိုတွေ့ဘို့အတွက်ဆိုရင် ဓါးတောင်ကိုကျော်ရ ကျော်ရ ၊
မီးပင်လယ်ကိုကျော်ရ ကျော်ရ၊ သားရိုင်းပေါတဲ့တော့ကို တိုးရတိုးရ၊ ၀န်မလေးပါဘူးမ ရယ်။
လာမဲ့ စနေနေ့ည အိမ်ရှေ့ ကိုထွက်ခဲ့ပါလား
မိုးမရွာ ရင်မောင်လာခဲ့မယ်လေ။

စာထဲကအသံ
ဟဲ့သားစာတစောင်ရေးစမ်း။မေမေ ပြောပြမယ်
“သို့လေးစားရပါသော”
“ပြီးပြီ”
“ဟဲ့မင်းလက်ရေးက ကြီးလှပါလား”
“မေမေ့အသံက ကျယ်လို့ပါ”

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်