မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

သတိရမိတယ်

ချစ်သူ...နင့်ကိုလွမ်းတိုင်း တစ်ပြားသာရမယ်ဆိုရင် အခုလောက်ဆိုငါက
millionaire ဖြစ်လောက်ပြီ ဘာကြောင့်လဲဆိုရင်သိပ်ချစ်လို့ပေါ့။ ဘယ်
လောက်များဒီလိုအလွမ်းတွေနဲ့ ဆက်နေအုံးမလဲ။ ဘာအငြိုးတွေကြောင့်
အဲ့လိုဖြစ်တာလဲနော်။ မတွေ့တာမမြင်တာကြာလို့မေ့သွားမယ်လို့တော့
မတွေးမိပါနဲ့..ချစ်သူ...စက္ကန့်နာရီတိုင်းမှာသတိရနေတာ နင်တယောက်
တည်းပါ။ ကွန်ပျူတာ email ဖွင့်လိုက်တိုင်း နင့်စာများရောက်လာမလားလို့
မျှော်နေတာအကြိမ်ကြိမ်မို့။ဒါပေမယ့်ရောက်လာတဲ့စာတွေက beboo/
foreverfriend အကြော်ငြာတွေပဲဖြစ်နေ။ အိမ်မှာရောက်တိုင်းနင်များရှိ
မလားလို့စိတ်ကူးယဉ်အပြည့်နဲ့ လျှောက်လာခဲ့ပေမယ့် တွေ့လိုက်ရတာက
အိမ်တွေပြင်နေတဲ့ contraction သမားတွေပဲဖြစ်နေ။ ဖုန်းmessage ဝင်
လာတိုင်းနင့်ဆီကများလားလို့ မျှော်လင့်ချက်အပြည့်နဲ့ဖွင့်ကြည့်ပေမယ့်
Pay for phone bill တဲ့။ မျှော်လင့်မိတာအကြိမ်ကြိမ် လွဲသွားမိတာအခါခါ
မို့။ မဆုံနိုင်မှန်းသိပေမယ့် အနာဂတ်အတွက်စိတ်ကူးယဉ်မိတာ ညပေါင်း
များစွာမနည်း။ အချစ်ဆိုတာ နင်နဲ့တွေ့မှပဲ တကယ်ထူးဆန်း ဆန်းကျယ်
ပါလား...ချစ်သူ...။ အရင်လိုပျော်ရွှင်ချင်တယ်။ အရင်လိုပဲပေါင်းစည်းချင်
တယ်.. ဒါပေမယ့်..ကံကြမ္မာက သိပ်ရက်စက်တာပဲနော်။ ချစ်သူ....သတိ
ထားမိရဲ့လား???အတူလျှောက်ဖူးတဲ့လမ်းတွေကလည်း ဟောင်းနွမ်းလို့
နေပြီ။ အတူနားခိုဖူးတဲ့အရိပ်တွေကလည်း ပြောင်းလဲကုန်ပြီ။ အခုတော့
ဘေးနားကလူတွေကလည်း ဝိုင်းမေးနေကြပြီ နင့်ချစ်သူဘယ်မှာလဲတဲ့။
ငါဘယ်လိုအကြောင်းပြချက်ပေးပြီး ဖြေရှင်းရမလဲ။ သစ်ရွက်တွေက
လည်းအထီးကျန်လွန်းတဲ့ ငါတို့နှစ်ယောက်ရဲ့ဘဝကို ဝိုင်းသနားကြပြီ။
အရာရာတိုင်းကပြောင်းလဲကုန်ပြီ။ နွေရာသီကုန်လို့ ဆောင်းတောင်ကူး
နေပြီ..နှင်းတွေရဲ့အေးစက်မှုအောက်မှာ တယောက်တည်းလေ.....
အရင်လိုပဲလက်တွဲပြီးအေးချမ်းတဲ့ နှင်းဒဏ်တွေကို အတူတူဖြစ်ကျော်
ချင်ပေမယ့် မဖြစ်နိုင်မှန်းသိတော့ တယောက်တည်းပဲ ရင်ဆိုင်ဖို့အား
မရှိပေမယ့်လျှောက်လိုက်ရပြီလေ။ အတူလျှောက်ဖူးတဲ့နှင်တွေကြားမှာ
တယောက်တည်းချစ်သူလက်ကိုရှာသော်လည်း အဝေးကြီး၊ လက်တွေ
အေးစက်ကုန်ပြီ။ သစ်အိုပင်ကြီးလည်းပိုပြီးဟောင်းနွမ်းလို့လာပြီ။
လောကတခုလုံးမိုးမှောင်ကျ...ငါ့ဘဝဆိုတာလဲဒီမှာပဲရပ်လို့နေပြီ.....။

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်