မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

ဘာယူမှာလဲ

မင်္ဂလာ နှစ်ပတ်လည် လက်ဆောင်

မင်္ဂလာနှစ်ပတ်လည် အနှစ်၃၀ပြည့် နီးကပ်လာချိန်မှာ နှစ်၃၀ပြည့် အထိမ်းအမှတ်အတွက် ဘာလက်ဆောင် လိုချင်သလဲလို့ ယောက်ျားဖြစ်သူက သူ့မိန်းမကို မေးပါတယ်..

ယောက်ျား။ ။ မိန်းမရေ.. အင်္ကျီကောင်းကောင်း လှလှလေးတွေ လိုချင်သလား

မိန်းမ ။ ။ တော်ပါပြီ.. မလိုချင်ပါဘူး

ယောက်ျား။ ။ ဒါဆို ကားအသစ်တစ်စီး ယူမလား

မိန်းမ ။ ။ ဟင့်အင်း.. မယူတော့ပါဘူး

ယောက်ျား။ ။ ဒါဆို အိမ်အသစ်လှလှလေး တစ်လုံးလား

မိန်းမ ။ ။ ဟင့်အင်း

ယောက်ျား။ ။ ဒါဆို မင်းဘဲပြော… နှစ်ပတ်လည် လက်ဆောင် ဘာယူမလဲဆိုတာ

မိန်းမ ။ ။ ကျွန်မ ရှင်နဲ့ ကွာရှင်းချင်တယ်….

ယောက်ျား။ ။ အိုး.. ဆောရီး အချစ်ရေ.. ကိုယ် ဒီလောက်ငွေကုန်ကြေးကျများမဲ့ ကိစ္စအတွက် အစီအစဉ် မလုပ်ရသေးဘူး။


(ဟုတ်တာပေါ့.. ကွာရှင်းရင် မိန်းမဖြစ်သူကို ယောက်ျားက ပိုင်ဆိုင်သမျှရဲ့ တစ်ဝက်ကို ခွဲပေးရမှကိုး) :) :)

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်