မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

ဖတ်မိသောဟာသအတိုအထွာများ

ရိုက်မှာစိုးလို့

သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့အနေနဲ့ အန်တီ့ကို မွှေးမွှေးပေးလိုက်ပါဦး’

‘ဟင့်အင်း ၊ သားကြောက်တယ်မေမေ’

‘ဘာဖြစ်လို့လဲ’

‘မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်လိုက်တယ်ဗျ။


သိပါရစေ

တရားသူကြီးသည် တရားခံသို့ ကြိမ်လုံးဖြင့် ညွှန်ကာပြောလိုက်သည်။

‘ဟောဒီ ကြိမ်လုံးဟာ ဒုစရိုက်သမားကို ညွှန်ပြနေတယ်’

‘ကြိမ်လုံးရဲ့ ဟိုဖက်ထိပ်လား ဒီဖက်ထိပ်လား ခင်ဗျာ’



မမှန်ဘူးလား

‘ဓာတ်ခွဲခန်းနဲ့ ဓာတ်မှန်စစ်ဆေးချက်တွေအရ အခြေအနေ တော်တော်ကောင်းတယ်။ ဒီပုံအတိုင်းဆို အသက်ရှစ်ဆယ်ထိ နေရလိမ့်မယ်။’

‘ကျွန်တော့်အသက်က အခုဆို ရှစ်ဆယ်ရှိပါပြီ ဒေါက်တာ’

‘ကဲ – ကျွန်တော်ပြောတာ မမှန်ဘူးလား


ဗေဒင်ဆရာ

ဗေဒင်ဆရာ ။ ။ ခင်ဗျားမှာ ကလေးသုံးယောက် ရှိရမယ်။

မေးသူ ။ ။ ဟင့်အင်း၊ ဒါဆို ဆရာ မှားသွားပြီ။ ကျွန်တော့်မှာ စုစုပေါင်း ကလေးငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ ။ ။ ဘာလဲ၊ ခင်ဗျားက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို ထင်နေတယ်ပေါ့လေ။

နို့စို့အရွယ်လားဟ

‘မင်းရဲ့ ပန်းချီကားကို ပြပွဲမှာ ချိတ်ဆွဲဖို့ ရွေးလိုက်တယ် မဟုတ်လား’

‘ဒီတစ်ခါလည်း အရွေးမခံရပါဘူး’

‘ဘာဖြစ်လို့လဲ’

‘ငါ ရှုမျှော်ခင်းပုံကို ဆွဲတယ်၊ ပြပွဲကြီးကြပ်သူတွေရဲ့ စည်းကမ်းချက်အတိုင်း တောင်ကုန်း၊ ဖြတ်စီးနေတဲ့မြစ်၊ တဲအိမ်တစ်လုံး၊ မြစ်ကမ်းဘေးမှာ အမျိုးသမီးတစ်ဦး ကလေးကို နို့ချိုတိုက်ကျွေးနေပုံတွေ အားလုံးပါအောင် ငါဆွဲလိုက်တာပဲ၊ ဒါပေမယ့် သူတို့က လက်မခံနိုင်ဘူးလို့ ပြောတယ်၊ ဘာကြောင့်လဲလို့ ငါကမေးတော့ နို့စို့တဲ့ကလေးဟာ အသက် ၂၅ နှစ်ရှိတဲ့ပုံ ပေါက်နေလို့တဲ့ကွာ။’

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်