မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

ဆုံနိုင်ခွင့်

မလာနိုင်မှန်းသိရက်နဲ့
မျှော်ခဲ့မိတာ အကြိမ်ကြိမ်
မမြင်နိုင်မှန်း သိရက်နဲ့
ရှာခဲ့မိတာ အခါခါပါ။

အိပ်မက်မှာ စွဲလမ်း
ရင်ထဲမှာ တမ်းတနေပေမယ့်
အိပ်မက်က လန့်နိုး
သူ့အရိပ်တွေ ပျောက်ဆုံးနေဆဲ
လွမ်းရတဲ့ ဒီရင်ကို
သူလေ မမြင်နိုင်ပါဘူး။

ပျောက်ဆုံးနေတဲ့ သခင့်အရိပ်
မှန်းလို့ ဖွေရှာရင်း
မလွှဲသာ ဟန်ဆောင်အပြုံးနဲ့
စောင့်မျှော်နေဆဲ
ဆုံနိုင်ခွင့်မရှိသေးတဲ့ အဝေးတစ်နေရာမှာ
သူ့အပြုံးတွေ မှန်းဆရင်း
လွမ်းနေရပေမယ့်…..ဖြေသာတယ်။

2 comments:

  1. အရမ်းကောင်းသော စာသားတွေပါပဲ........

    ReplyDelete
  2. အရမ်းကောင်းတဲ့ ကဗျာပဲ ဒီကဗျာကိုရေးတဲ့ တင်ရဲ့ ချစ်သူလည်း ဒီကဗျာကို ဖတ်ပြီး နားလည်ပေးနိုင်ပါစေနော်

    ReplyDelete

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်