ချစ်သူ..မင်းလေးချစ်တဲ့အကြောင်းတွေပြောပြတော့
ရင်မှာကြောက်မိတယ်
မကြာခင်မှာပြောင်းလဲသွားမှာလား
ချစ်သူ..မင်းလေးပြုံးပြတော့
စိုးရိမ်မိတယ် မကြာခင်မှာ
မင်းလေး မုန်းသွားမလား
ချစ်သူ..မင်းလေးအနမ်းလေးများပေးတဲ့အခါ
ရင်မှာမယုံရဲဘူး မကြာခင်မှာ
မင်းလေး စိမ်းကားသွားမှာလား
ချစ်သူ..မင်းလေးနဲ့မတွေ့မိတော့
ကြောက်နေမိတယ်
မင်းလေးနဲ့ ပြန်မဆုံဖြစ်တော့မှာ
ချစ်သူ..မင်းလေးပေးတဲ့
အချစ်တွေ၊မင်းလေးပေးတဲ့ အပြုံးတွေ
ထာဝရ ပိုင်ဆိုင်ချင်သလို
ပိုင်ဆိုင်သူဟာ ငါတယောက်ပဲဖြစ်ချင်တယ်.....။
အရမ်းကောင်းတယ်နော်။
ReplyDelete