မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

တကယ်ဆိုရင်လေ













တကယ်ဆိုရင်လေ
အချစ်ဆိုတာဘာလဲ
ဆိုတာငါမသိခင်မှာ
ငါနင့်ကိုချစ်တယ်လို့ပြောမိတယ်......။

တကယ်ဆိုရင်လေ
ငါတို့မကြည်နူးသေးခင်မှာ
ငါနင့်ကို ငါတို့လမ်းခွဲရအောင်လို့
ပြောလိုက်မိတယ်....။

တကယ်ဆိုရင်
အချစ်ဆိုတာဘာလဲ
အခုချိန်ထိသဘောမပေါက်
နိုင်သေးတဲ့ငါ့ ဘဝမှာ
ငါတို့နှစ်ယောက်လမ်းခွဲကြတော့မယ်...။


တကယ်ဆိုရင်လေ....
ငါနင့်ကိုမမုန်းဘူး
ငါနင့်ကိုသိပ်ချစ်သေးတယ်။ ။

တကယ်ဆိုရင်လေ
ငါနင့်ကိုစိမ်းကားတာဟုတ်ပါဘူး
အခြေအနေမပေးလို့ပါ.....။

ဒါပေမယ့် ချစ်သူ........
ကံကြမ္မာကအကျိုးပေးရင်
တနေ့ကျပြန်ဆုံကြမယ်လေနော်. . .. ။

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်