ချစ်သူနင် ပြောခဲ့တဲ့အချစ် ဆိုတာက ဘာလဲ၊
ချစ်သူနင် ပေးခဲ့တဲ့ အချစ်တွေက ဘယ်လိုမျိုးလဲ၊ချစ်သူနင် ပြောခဲ့တဲ့နင့်ရဲ့ ချစ်သက်သေ၊ ကတိဆိုတာဘယ်လိုမျိုးလဲ၊
အခုငါ စဉ်းစားရင်းနဲ့ ရူးချင်လာပြီ
မထင်မှတ်ပဲ နင်ပြောတဲ့ စကားတစ်ခွန်းက
တစ်ကယ်ပဲ ငါ့ကို ထိတ် လန့် စေခဲ့တယ်၊
အခု ငါပျော်အောင်ကြိုးစားပြီးနေပေမယ့် ဟန်ဆောင်လို့မရတော့ဘူး၊
စဉ်းစားလိုက်တိုင်း ငိုနေမိတယ်၊
ဘာလို့ငါ့အဖြစ်က ဒီလောက်ထိဆိုးနေရတာလဲ
ဘာလို့ ငါ့မျက်ရည်တွေက ကြွေလွယ်ရတာလဲ
နင့်ကို ချစ်ခဲ့တာ လမ်းခွဲဖို့ အတွက် မဟုက်ခဲ့ဘူး
နင့်ကို ငါယုံကြည် နေခဲ့တယ်
ဘယ်အရာက ငါ့တို့ကြားမှာ စည်းခြားနေတာလဲ
အမေး၇ှိရင် အဖြေတော့ရှိမှာပေါ့
ဘယ်အရာမှ လွယ်ကူတယ်ဆိုတာမရှိဘူး ဆိုတာ ချစ်သူကို သိစေချင်တယ်
အဲဒီအဖြေအတွက် အချိန်ဆို တာကို တော့ ပေးဆပ်ရလိမ့်မယ်
ငါနင့်ကို ချစ်ခဲ့တာ ဘာတွက်ချက်မှုမှ မပါခဲ့ဘူး
အချစ်ကို ချစ်မိရင် အဆိပ်လိုပဲ အရမ်းပြင်းတယ်လို့ ကြားဖူးတယ်
ဟုက်မှာပါ ငါလည်း အခု နာကျင်နေရတယ်
ငါ့ရင်ထဲမှာ ရှိတာ ပြောမယ်
ငါတို့ ဘယ်တော့မှ မခွဲပါရစေနဲ့
ပြီးတော့ ဘာတွေပဲဖြစ်လာဖြစ်လာ
ငါနင့်ကိုချစ်နေမှာပါ
ငါ့မျက်ရည်တွေ နင့်အတွက်ကျနေသရွေ့
ငါ နင့်ကိုချစ်နေမယ်ဆိုတာ
ချစ်သူ ယုံကြည်ထားပေးပါနော်....။
No comments:
Post a Comment
Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်