ငါလေ နင်နဲ့တွေ့တိုင်းပြောပြချင်ခဲ့တယ်
ဒါပေမယ့်.......... နင်နဲ့တွေ့တိုင်း
ငါ့နှုတ်ခမ်းတွေ ဆွံအနေခဲ့တယ်
အဲဒါ ဘာလဲဆိုတော့..
ငါလေ ........ငါ့ရင်ထဲကနေ နင့်ကို အမြဲတမ်း(ကိုကို) လို့ခေါ်ချင်တယ်
ငါလေ ပြောမထွက်ခဲ့ဘူး
ဒါပေမယ့်.....ငါ့ရင်ထဲမှာတော့ ရင်ခုန်စွာနဲ့ အကြိမ်ကြိမ် ခေါ်နေမိတယ်...။
ငါလေ.....နင့်ကို မုန်းတယ်၊နာကျည်းတယ်လို့
ငါ့ရင်ထဲမှာလေ ပြောခဲ့ဖူးတယ်
ဒါပေမယ့် ငါလေ နင့်ကို မမုန်းခဲ့ဖူးဘူး၊မနာကျည်းခဲ့ဖူးဘူး
ငါလေ.....နင်နဲ့တွေ့တိုင်း ငါ့ရင်ထဲက စကားတွေကို
နင့်ကို ပြောပြမယ်လို့ တွေးခဲ့ဖူးတယ်
ဒါပေမယ့် ငါလေ စကားတွေ သိပ်မပြောဖြစ်ဘူး
ငါ့ရင်ထဲမှာတော့ နင့်ကိုစကားတွေ ပြောနေမိတယ်
ဒါတွေကို နင်သိအောင် ငါဘယ်လိုပြောပြရမလဲနော်.......။
ပြောပြချင်ရင်လဲ ပြောသာပြောလိုက်သူငယ်ချင်းရေ
ReplyDelete