အပြင်မှာ မိုးတွေရွာ
ငါ့ရင်မှာလည်း မိုးမျက်ရည်
ရွာလို့မဆုံး
ပလောင်ဆူနေတဲ့ ငါ့ရင်မှာ
ပူလောင်နေတဲ့ မီးတောင်ပမာ
မအေးချမ်းနိုင်တော့ပါ
နင်ချန်ထားခဲ့တဲ့
ဒီလို မိုးရွာချိန်လေးမှာပါ
ဒီအချိန်မှာ...
ငါ့ရင်ထဲတောင်းဆုလေးတစ်ခု
လိုနေတာ မင်းရဲ့အချစ်တွေပါ
အို...မိုးရယ်
နင်..ငါ့ရင်ခွင်ကို
ဝင်ရောက်လာခဲ့တာ
လှည့်စားဖိုး အတွက်များလား
ရက်စက်လွန်းလှပါတယ်
အခန့်မသင့် ရွာလာတဲ့မိုးကို
ယုံကြည်စွာ ချစ်နေပြီးတော့
နောက်ဆုံးတော့လည်း
ငါ့ရဲ့ အဝေး နင်ထွက်ပြေးပြီး
နင်လိုချင်တဲ့ နေရာမှာ
ရွာပါတော့ကွယ်...
ဒါပေမယ့်....
မိုးတိမ်လေးတွေ
အုံမှိုင်းတိုင်း
ငါလေ နင့်ကို
သတိရခြင်းတွေနဲ့ လွမ်းနေပါ့မယ်....
မိုးပြေးချစ်သူရယ်....
မိုးပြေးချစ်သူတဲ့လား
ReplyDelete