အားငယ်၊ စိတ်ပျက်တိုင်း
အားပေး နှိမ့်သိမ့်ပေးတဲ့ မေမေ
ပျှော်စရာရှိတိုင်း
အတူတူပျော်ရွှင် ရယ်မောပေးခဲ့တဲ့ မေမေ
ဒုက္ခရောက်တိုင်း
ကူညီဖြေရှင်းပေးခဲ့တဲ့ မေမေ
နေပူ၊မိုးရွာ မရှောင်
ပင်ပန်းဆင်းရဲ့ ဘဝကို အရှုံးမပေး
ရှေးရေးတွေးလို့
အပြုံးမပျက် ခွန်အားတိုးလျက်
နေမင်း၊လမင်းပမာ
ရဲ့ရင့်၊အေးချမ်းမှုတို့
ပေးစွမ်းနိုင်တဲ့ မေမေ့မေတ္တာ
မြင့်မိုရ်တောင် မက
ကြီးမြတ်လှတဲ့ မေမေ့မေတ္တာကမ္ဘာမှာ
အရောင်ကင်းမဲ့ အဖြူရောင်
လမင်းဝန်းလေးလို
အေးချမ်း၊ငြိမ်းချမ်း၊နွေးထွေးမှုတို့
ထာဝရပေးစွမ်းနိုင်တဲ့
မေမေ့မေတ္တာပါ................။
ကောင်းလိုက်တဲ့ ကဗျာလေး
ReplyDelete