ငါ့ပြက္ခဒိန်အဟောင်းကိုပဲ
ရင်ဘတ်မှာ သံမှိုရိုက်ထားလိုက်ရတယ်
နှလုံးခုန်သံကို သံစဉ်ညှိဖို့ကြိုးစားရင်း
မျှော်လင့်ချက်က ၀င်္ကပါတခုလို
ခမ်းနားသွားတယ်
အမည်မဲ့ဝေဒနာကို သိမ်းပိုက်ရင်း
အမည်ခံခေါင်းစဉ်အောက်မှာ
အိပ်မောကျနေတုန်းပဲ,,,,,,,
ဒီအချစ်ကိုမှ
ရူးရူးမိုက်မိုက် ကိုးကွယ်မိလေတော့
စိတ်ကူးထဲမှာလဲ ချစ်တယ်
အိမ်မက်ထဲမှာလဲ ချစ်တယ်
ငြီးငွေ့စရာတွေနဲ့ ကြုံလာတဲ့ အခိုက်မှာ ဆိုရင်
နှစ်သိမ့် အားပေးသူ အဖြစ်နဲ့
ဘေးနား ရှိခွင့် ရချင်တယ်,,,,,,,
ရူးရူးမိုက်မိုက် ကိုးကွယ်မိလေတော့
စိတ်ကူးထဲမှာလဲ ချစ်တယ်
အိမ်မက်ထဲမှာလဲ ချစ်တယ်
ငြီးငွေ့စရာတွေနဲ့ ကြုံလာတဲ့ အခိုက်မှာ ဆိုရင်
နှစ်သိမ့် အားပေးသူ အဖြစ်နဲ့
ဘေးနား ရှိခွင့် ရချင်တယ်,,,,,,,
No comments:
Post a Comment
Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်