မေတ္တာရပ်ခံစာ

ချစ်သူလိပ်ပြာဆိုဒ် တွင်လာရောက်အားပေး ကြသောသူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပြီး နောက်တခါလည်းလာလည်ကြပါအုံးလို့ဖိတ်ခေါ်ပါတယ်♥။ကောင်းသောနေ့လေးဖြစ်ပါစေ...

Home

Monthly Blog Posts

ဟာသ

၂၀၁၃ စုစုပေါင်း ၆ ဂဏန်း

၆ ဂဏန်းကျသောနှစ်ဖြစ်သောကြောင့်

၆ ရက် ၆လ နံနက်၆ နာရီတွင် အိမ်ထောင်ပြူသောသူများသည် 

အခြောက်ကလေးများ မွေးလတ္တံ၊ ကုန်ခြောက်ရောင်းသော ကုန်သည်များသည် ခြောက်ကပ်စွာဖြင့် စီးပွားဖြစ်လတ္တံ၊ ခြောက်သွေ့စွာအထီးကျန်သောသူများသည် ချဉ်ခြင်းတပ်သော ကိုယ်ဝန်သည်အမျိုးသမီးအား ကူညီရင်း အကုသိုလ်များ ခြေဖျက်လတ္တံ၊

၆ ဂဏန်းပိုင်ရှင်များသည် ခြေကျဉ်ခြင်း ခါခဉ်ကိုက်ခံရခြင်း ချာတူးလံများနဲ့ အခြေအတင်ပြောရခြင်းများကြုံရလတ္တ

၆ ဂဏန်းနှစ်ဖြစ်သောကြောင့် အချစ်ရေးများစွာသည် ခြောက်သွေ့စွာပင်ကျော်ဖြတ်ရလတ္တံ
အသို့ဖြစ်သောကြောင့် လူပျိုကြီး အပျိုကြီးများသည် အခြောက်တိုက် ရယ်မောကာ အချဉ်ဖမ်းရန် ချိန်နေလတ္တံ

ပညာရေးသည် ၆ ဂဏန်းနှင့် မိတ်ဖက်ဖြစ်သောကြောင့် အချဉ်ဖမ်းသောပညာရေးများ ခေတ်ကောင်းလတ္တံ၊ အချီးအနှီးဖြစ်သော ပညာရပ်များမှ အချဉ်များတွေ့ရလတ္တံ

ယခုနှစ်တွင် အခြောက်များအတွက် သီးသန့်အင်တာတိန်းမန့်ဖြစ်သော mrtv ၆ ပေါ်လတ္တံ၊

ယခုနှစ်အတွက် အညံဆုံးကာလမှာ ၉ လပိုင်းဖြစ်သောကြောင့် အခြေအမြစ်မရှိသောသူများမှ အချိန်မလောက်ဖြစ်ပြီး အချဉ်ကြိုက်သူများအဖို့ အချစ်ကံကောင်းလတ္တံ

ယတြာ။ ။ အခြောက်များစွာရှိသောနေရာသို့သွားက ခြောက်ကပ်သောအသံဖြင့် အချီးအနှီးပါဟု အကြိမ်ခြောက်ဆယ်ရွတ်ဆိုပြီး ယင်းအခြောက်များ၏ ခြေထောက်များကို ခါချဉ်ကောင်များ ကိုက်စေခြင်းဖြင့် အချဉ်ပြုခံရခြင်းမှ ကင်းလွတ်စေမည်

ဟက်ပီးမူးရီးယားအမှတ်တရ

No comments:

Post a Comment

Comment ပေးလို့ကျေးဇူးအများကြီးတင်တယ်နော်